သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နေပြည်တော်နည်းပညာတက္ကသိုလ်၏ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် ပထမနှစ် (ဘွဲ့ကြို) နှင့် ဒုတိယနှစ် (ဘွဲ့ကြို) အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးရေးကို အထောက်အကူပြုစေမည့် မိုးရာသီ အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တက္ကသိုလ်အဆင့်ပြိုင်ပွဲများမှတဆင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရေးစင် အားကစားသမားကောင်းများပေါ်ထွန်းလာရန် ရည်ရွယ်၍ ၉.၇.၂၀၂၄ ရက်နေ့မှ ၁၅.၇.၂၀၂၄ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပါသည်။
read more