မြန်မာစာ ဌာန

            မြန်မာစာဘာသာရပ်သည် ပထမနှစ်ကျောင်းသားများအတွက် ဘာသာရပ်တစ်ခုဖြစ်သည်။  မိခင်ဘာသာစကားဖြစ်သောကြောင့် နည်းပညာတက္ကသိုလ်များ အပါအဝင် အနုပညာနှင့် သိပ္ပံတက္ကသိုလ်များတွင် မြန်မာဘာသာရပ်ကို သင်ကြားရန် အရေးကြီးပါသည်။ မြန်မာစာဘာသာရပ်သည် အလွန်ကျယ်ပြန့်ပြီး မြန်မာဘာသာဖြင့် လေ့လာရန် အဆုံးမရှိသော ဘာသာရပ်ဖြစ်သည်။ မြန်မာဘာသာ ဘာသာရပ်ကို သင်ကြားခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ သည် မျိုးချစ်စိတ်ဖြစ်လာစေရန်၊ မြန်မာဘာသာစကားကို ကျွမ်းကျင်စွာ အသုံးချတတ်ရန်နှင့် မိမိတို့၏ ယဉ်ကျေးမှုကို မြတ်နိုးတတ်စေရန် ရည်ရွယ်ပါသည်။

Vision, Mission and Mottto

  မြန်မာ စာပေကို ချစ်မြတ်နိုးမှု၊ မြန်မာ့ယဉ်ကျေးမှုနှင့် မျိုးချစ်စိတ်ဓာတ်ရှိပြီး စည်းကမ်းလိုက်နာသော အင်ဂျင်နီယာ ကောင်းများဖြစ်လာစေရန်

    အသိဉာဏ်နှင့် ဗဟုသုတအတွက်ဖြစ်စေ၊ ရုံးသုံးစာ အတွက်ဖြစ်စေ အထောက်အကူပြုသော ဘာသာရပ်ဖြစ်လာစေရန်

“မြန်မာစာ၊ မြန်မာစကားဖြင့် မျိုးဆက်သစ်အင်ဂျင်နီယာများပျိုးထောင်အံ့”

Staff list of Myanmar Department

Daw Khin Chaw Su

"Associate Professor & Head"

Daw Khin Chaw Su Associate Professor and Head
MA(Myanmar)
09-255659445 dawkhinchawsu.ntu.myanmar@gmail.com

Naypyitaw Technological University

Courses offered by Department of Myanmar

ပထမနှစ် (ပထမနှစ်ဝက်) သင်ခန်းစာများ M- 11001

စကားပြေ၊ ကဗျာ၊ သဒ္ဒါ၊ အသုံးချမြန်မာစာ၊ အနှစ်ချုပ်၊ ဇာတ်တော်

ပထမနှစ်ဝက် သင်ခန်းစာများ

သင်ရိုးအမှတ်(၁ စကားပြေ သင်ရိုးအမှတ်(၂) ကဗျာ သင်ရိုးအမှတ်(၃) မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး သင်ရိုးအမှတ်(၄) အနှစ်ချုပ်၊ မြန်မာသဒ္ဒါ၊ ရုံးသုံးမြန်မာစာ၊ သင်ရိုးအမှတ်(၅) ဇာတ်တော်

အကျိုးကျေးဇူးများ

*ဘဝအတွက် အကျိုးပေးမွန်မြတ်သော စာကိုကိုယ်တိုင် ဖတ်မှတ်လေ့လာ၍ တွေးခေါ် ဆင်ခြင် နိုင်ပြီးအသိပညာအတတ်ပညာမျာဖြင့် ၊လူ့လောက ပတ်ဝန်:ကျင်အတွက် အကျိုးပြုစေနိုင်ခြင်း၊ **အတွေးအခေါ်၊ယုံကြည်မှု၊ဓလေ့ထုံးစံတို့ကိုသိရှိပြီးလူမှုဆက်ဆံရေးနယ်ပယ်တွင် ကျင့်ဝတ်နှင့် အညီနေထိုင် တတ်စေခြင်း၊ *** မြန်မာ့ယဉ်ကျေးမှုနှင့်မျိုးချစ်စိတ်ဓာတ်များ ရှင်သန်လာစေခြင်း၊****လောက၊ ဓမ္မ၊ ရာဇရေးတို့နှင့် ပတ်သက်သော ဆင်ခြင်ဖွယ်အကျိုးကျေးဇူးများစွာကို ရရှိစေပါသည်။

ပထမနှစ် (ဒုတိယနှစ်ဝက်) သင်ခန်းစာများ M-12001

စကားပြေ၊ ကဗျာ၊ သဒ္ဒါ၊ အသုံးချမြန်မာစာ၊ အက္ခရာစဉ်၊ စာစီစာကုံး

ဒုတိယနှစ်ဝက် သင်ခန်းစာများ

သင်ရိုးအမှတ်(၁) စကားပြေ သင်ရိုးအမှတ်(၂) ကဗျာ သင်ရိုးအမှတ်(၃) မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး သင်ရိုးအမှတ်(၄) အက္ခရာစဉ်၊ မြန်မာသဒ္ဒါ၊ ရုံးသုံးမြန်မာစာ၊ သင်ရိုးအမှတ်(၅) စာစီစာကုံး

အကျိုးကျေးဇူးများ

*ရသစာပေ သဘောတရားနှင့် သုတစာပေတရားကို ကိုယ်တိုင်ဖတ်မှတ်လေ့လာ၍ တွေးခေါ် ဆင်ခြင်နိုင်စွမ်းပြီး အသိပညာ အတတ်ပညာ မျာ:ဖြင့် ၊လူ့လောက ပတ်ဝန်ကျင်အတွက် အကျိုးပြုစေနိုင်ခြင်း၊ *အတွေးအခေါ်၊ ယုံကြည်မှု၊ ဓလေ့ထုံးစံတို့ကိုသိရှိပြီးလူမှုဆက်ဆံရေးနယ်ပယ်တွင် ကျင့်ဝတ်နှင့်အညီနေထိုင် တတ်စေခြင်း၊ *မြန်မာ့ယဉ်ကျေးမှုနှင့်မျိုးချစ်စိတ်ဓာတ်များရှင်သန်လာစေခြင်း။ *ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ ရုံးလုပ်ငန်း အသီးသီးတွင် သဒ္ဒါအသုံး မှန်မှန်ကန်၊ တိတိကျကျ သုံးစွဲတတ်စေခြင်း *ကျောင်းသူ ကျောင်းသားများ လက်တွေ့ လူမှုဘဝတွင် မြန်မာစာအရေးအသား တိုးတက်စေရန်နှင့် အများ စိတ်ဝင်စားဖွယ် ဖြစ်အောင် ရေးသားတတ်စေခြင်း